Loading...
「ツール」は右上に移動しました。
利用したサーバー: natural-voltaic-titanium
62いいね 3467回再生

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမှာ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၇၀၀၀ ကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမှာ    စစ်ကောင်စီတပ်တွေ  စစ်ကြောင်းထိုးလာလို့ ဒေသခံ ၇၀၀၀ ကျော်  ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
မုံရွာမှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ၎င်းတို့ လာလမ်းအတိုင်း ပြန်တက်လာတာကြောင့် ဒေသခံတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။
တရုတ်ကြေးနီစီမံကိန်းရှိရာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဧပြီ ၂၇ ရက် မနက်ပိုင်းက ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ရွာပေါင်း ကိုးရွာခန့်က ဒေသခံ ခုနစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
စစ်ကြောင်းကြောင့် ရွှေလှေရွာ၊ ဝက်မှေးရွာ၊ ကံတောရွာ၊ တုံရွာ (မြောက်)၊ တုံရွာ (တောင်)၊ တုံရွာ (အလယ်)၊ ဇီးတောရွာ၊ ကျောက်ဖြူတိုင်၊ ဆည်တဲ စတဲ့ ရွာတွေဟာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

#Political
#Mizzima

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. bit.ly/2VhJ12U

Subscribe now and join the Mizzima TV family to get insights into Burma's culture and people. With Mizzima TV, you can stay informed about the latest news and events happening in Myanmar, as well as connect with the world.

youtube.com/channel/UCk9f0cLiMmtchQySOogzoig/join
Facebook | Myanmar Language - bit.ly/3BuWBSJ
Facebook | English language - bit.ly/3d5g1V2
Facebook | Mizzima+TV - bit.ly/3eGNjdl
Twitter - bit.ly/3Dbvqh1
Telegram - bit.ly/3RRn2rk
Tiktok - bit.ly/3xngMzE
Get Mizzima TV App Free - onelink.to/jnuwak/
Website:
www.mizzima.com/
www.mizzimaburmese.com/
www.mizzima.tv/

コメント