Loading...
「ツール」は右上に移動しました。
利用したサーバー: natural-voltaic-titanium
5いいね 158回再生

စာရေးဆရာ၊ထုတ်ဝေသူ ကိုမြေမှုန်လွင်နှင့်တွေ့ဆုံမေးမြန်းခြင်း

“နည်းပညာတွေ ဖွံ့ဖြိုးပြီး အကျိုးရလဒ်ကြောင့်ပဲ တချို့လုပ်ငန်းတွေဟာလည်း ဆက်ပြီးအသက်ရှင်သွားတယ်”


ကိုဗစ်ကာလမှာ တစ်ကမ္ဘာလုံးနီးပါး စီးပွားရေးပျက်ယွင်းမှုတွေနဲ့ ရင်ဆိုင်နေကြရပြီး မြန်မာနိုင်ငံမှာလည်း မေလကုန်အထိကို လုပ်ငန်းတော်တော်များများဟာ ယခင်ကာလများကလို ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ ရပ်နားထားတဲ့လုပ်ငန်းများရှိသလို၊ သတ်မှတ်ချက်နဲ့အညီ ပြန်လည်ဖွင့်လှစ်တဲ့ လုပ်ငန်းများလည်း ရှိနေပါတယ်။

ဒီ ကိုဗစ် - ၁၉ အကြပ်အတည်းကာလကို လုပ်ငန်းရှင်ရော၊ ဝန်ထမ်းများပါ ရင်ဆိုင်ဖြေရှင်းနေရပေမယ့် တစ်ချို့ လုပ်ငန်းရှင်များကတော့ အခက်အခဲကာလကို ပုံမှန်အတိုင်းသာ ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ ဒီအထဲမှာမှ အကြပ်အတည်းကာလကို နည်းပညာအကူအညီများနဲ့ ဖောက်ထွက်နိုင်ဖို့ကြိုးစားရင်း ပုံမှန်လုပ်ရိုးလုပ်စဉ်လုပ်ငန်းကို ပြောင်းလဲခဲ့သူတစ်ယောက်လည်းဖြစ်ပြီး လူငယ် စီးပွားရေးသမားတစ်ဦးဖြစ်သူ ငါတို့စာပေ၊ We distribution နှင့် Yangon Book Plaza တို့ရဲ့ ဦးဆောင်သူ စာရေးဆရာ၊ ထုတ်ဝေသူ ကိုမြေမှုန်လွင် ကို ကိုဗစ်ကာလ အခက်အခဲတွေအကြောင်း တွေ့ဆုံမေးမြန်းထားပါတယ်။

တွေ့ဆုံမေးမြန်း - ကြယ်စင်



Website Link - sdtimedaily.com/

Facebook Page - www.facebook.com/standardtimedaily/

コメント