အေဒီ ၁၂၀၆ ခုနှစ်မှာ၊ မွန်ဂိုမျိုးနွယ်စုတွေအတွက် တီမူးဂျင် ဆိုသူ သံမဏိလူသားတစ်ဦး ပေါ်ထွန်းလာ ခဲ့ပါတယ်။ သူက မျိုးနွယ်စုအားလုံးကို သူရဲ့အမိန်အာဏာစက်အောက် စည်းရုံးသိမ်းသွင်းနိုင်ခဲ့ရာက နေ ဂျင်ဂျစ်ခန်း ဆိုပြီးဖြစ်လာပါတယ်။ ဆိုလိုတာက မျိုးနွယ်စုအားလုံးရဲ့ အကြီးအကဲဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ နော်မက်ဒေက် မျိုးနွယ်စုအားလုံးကို သူ့ရဲ့ပါဝါအာဏာစက်အောက်သို့ ကျစ်ကျစ်ပါ အောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သလို သူနဲ့မပူးပေါင်းဘူးဆိုရင်လည်း သူ့ရဲ့ဓါးသွားအောက်မှာ အသက် နဲ့ ခန္ဓာအိုးစားကွဲသွားကြရုံပါ။ ဒါကြောင့် ဂျင်ဂျစ်ခန်း ဟာ သူနဲ့အနီးဆုံးက ဧရာမတိုင်းပြည် တစ်ခုကို အကဲစမ်းနိုင်လောက်အောင်ထိ အင်အားတောင့်တင်းလာခဲ့ပါတယ်။
တစ်ချိန်တည်းမှာ တရုတ် (ဂျင်) မင်းဆက်ပြည်တွင်းရေးကလည်း စည်းလုံးမှု လျော့တိလျော့ရဲ ဖြစ် လာနေချိန် ဖြစ်ပါတယ်။ တောင်ဘက်မှာက (ဂျင်) တို့နဲ့ခေတ်ပြိုင် (ဆောင်) မင်းဆက် ရှိနေပါတယ်။ (ဂျင်) တိုင်းပြည်ကနေ (တန်းဂရု) မင်းဆက်ဆိုပြီး ခွဲထွက်သွားပါတယ်။ (တန်းဂရု) တို့က မွန်ဂိုတို့နဲ့ နယ်စပ်ချင်း ကပ်လျက်တည်ရှိနေသလို မြို့ရိုး တံတိုင်းအကာအရံတွေ မရှိတော့ မွန်ဂိုတို့ရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။
Music: Turvan Throat Singers Epic Nature Cinematic (Royal Free Music)
Flute Music, (No copyright Music Tamil)
コメント